အမ်း ဇွန် ၉
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်ကျော်မင်း ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် အတူ ယမန်နေ့မွန်းလွဲပိုင်းက အမ်းမြို့၊ အမှတ်(၃) စျေးရပ်ကွက် ရွှေအမ်းတောင်ခန်းမ၌ ကျင်းပပြုလုပ်သည့် မုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်ကျော်မင်းက နိုင်ငံတော်မှ အမ်းမြို့နယ်အတွင်း ကျေးရွာအုပ်စု(၂၂)အုပ်စုတို့မှ အိမ်ထောင်စု(၂၇၉)စုအတွက် မိုခါမုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူများကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများအနေဖြင့်လည်း ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှ ဆောင်ရွက်ချက်များကို ပါဝင်ပူးပေါင်းလိုက်နာ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်းက မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာအုပ်စု(၂၂)အုပ်စုမှ အိမ်ထောင်စု(၂၇၉)စု၊ လူဦးရေ(၁၁၉၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၀၅၄၀၀၀၀)ကျပ်အားလည်း ကောင်း၊ အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင်က ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ၂,၅၀၉,၅၀၀ ကျပ်အားလည်း ကောင်း၊ မြို့နယယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေထားဇော်က ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါပုံး (၁၇၁)ပုံးအား ထောက်ပံ့ပေးအပ်ခဲ့ရာ လေဘေးသင့်ပြည်သူများကိုယ်စား လေဘေးသင့် ပြည်သူများက လက်ခံရယူခဲ့ကြသည်။
(မိုခါ)မုန်တိုင်းသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေပေးအပ်ပွဲသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် ခရိုင်/မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်