အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေး အထောက်အကူပြုနိုင်ရန်၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရန်၊ ဒေသတွင်းအပူချိန် လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကို တန်ဖိုးထားပြီး သစ်ပင်စိုက်ပျိုး လိုစိတ်များ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုး ပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က တိပိဋက ကမ္ဘောဇဘုန်းကြီးကျောင်းဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
Jun 10,2023
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပုလောမြို့ အမှတ်(၁)ရပ်ကွက်နေအိမ်များတွင် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 10,2023
၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနအသီးသီးတွင်ကျင်းပခဲ့ပြီး ယနေ့ ဇွန်လ ၉ ရက်နေ့တွင် သက်ဆိုင်ရာစာစစ်ဌာနကျောင်းများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန website တို့တွင် အောင်စာရင်းများထုတ်ပြန်‌ကြေညာခဲ့ရာ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ တွင် ကရင်ပြည်နယ်မှ (၆)ဘာသာဂုဏ်ထူးရှင်(၃)ဦးအပါအဝင် ဂုဏ်ထူးရရှိသူ(၆၈၃)ဦးရှိပြီး အောင်မြင်သူ ၆၅ ဒဿမ ၅၅ ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jun 10,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၈၂.၇၁%ဖြင့် အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jun 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက် ၄ နာရီက စာစစ်ဌာနများဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၇)ကျောင်းများတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Jun 10,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗန်းမော်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၁၀ ရက် နံနက် ၇ နာရီခွဲက နည်းပညာတက္ကသိုလ်(ဗန်းမော်)၌ ပျိုးပင်ပေါင်း(၁၂ဝဝ)ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
Jun 10,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ကျွဲနွားတိရစ္ဆာန်အစာ ဖူလုံစေရန်အတွက် ဇွန်လဆန်းက ရွာသွန်းခဲ့သည့်မိုးဖြင့် နှံစားပြောင်းသီးနှံများစတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jun 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များပူးပေါင်းပြီး ယမန်နေ့ နေ့လယ်ပိုင်းက စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသော "လူငယ်နဲ့အခွင့်အလမ်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။