Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စမ်းချောင်းမြို့နယ် Community Centre ခန်းမတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး Talk Show ပြုလုပ်
Jun 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် Community Centre ခန်းမ၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး Talk Show ကို ဇွန်လ ၈ ရက်နေ့ နေ့လယ်(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ရာခိုင်နှုန်း ၅၇.၈၇ ရာခိုင်နှုန်းရှိ
Jun 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ခြင်းကို ယမန်နေ့နံနက် ၆ နာရီက မြို့နယ် ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအသီးသီး၌ ထုတ်ပြန်ကြေညာခဲ့ရာ အောင်မြင်မှုရာခိုင်နှုန်း ၅၇.၈၇ ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆေးတက္ကသိုလ်(၁) မှ ကျောင်းသား/ကျောင်းသူများ လာရောက် ကွင်းဆင်းလေ့လာ
Jun 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည့်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆေးတက္ကသိုလ် (၁) နောက်ဆုံးနှစ်အပိုင်း(က) ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက နံနက် ၉ နာရီအချိန်က လာရောက်ကွင်းဆင်းလေ့လာခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်
Jun 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၄)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ထုတ်ပြန်ထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများလာရောက်ကြည့်ရှုကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Jun 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ၊ ပြည်လုံးချမ်းသာ၊ ကပ်ကျော်အေးစေတီတော်ဘုရားတန်ဆောင်းအတွင်းတွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် တစ်ဧကလျှင်(၁၀)တင်းနှုန်းတိုးတက်ရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဖြစ်သည့် ထုံးထည့်သွင်းခြင်းအခမ်းအနားကျင်းပ
Jun 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တစ်ဧကလျှင်(၁၀)တင်းနှုန်းတိုးတက်ရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဖြစ်သည့် ထုံးထည့်သွင်းခြင်းအခမ်းအနားကို ကြောင်ပန်းကုန်းကျေးရွာ အုပ်စုတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားသို့တက်ရောက်
Jun 10,2023
မွန်ပြည်နယ် မော်လမြိုင်မြို့တွင်၂၀၂၃ ခုနှစ် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ Top ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်တား ဆီး ကုသရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်…
Jun 10,2023
မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်တားဆီး ကုသရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဇွန် ၉ နေ့လည် ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆောင်ဆန်းခန်းမ၌ ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အုပ်ချုပ် ရေးမှူးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11030
Page
11031
Page
11032
Page
11033
Current page
11034
Page
11035
Page
11036
Page
11037
Page
11038
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department