ပုလောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် တစ်အိမ်တက်ဆင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေး

ပုလော  ဇွန်   ၉

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပုလောမြို့ အမှတ်(၁)ရပ်ကွက်နေအိမ်များတွင် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုလောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက  ရပ်ကွင်းအတွင်းရှိ နေအိမ်များသို့  ကွင်းဆင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်း နိုင်ရေးအတွက် မိုးရေတင်ကျန်နိုင်သည့် ဘူး၊ ခွက်၊ တာယာဟောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ရေပုံး၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခပ်ပေးခြင်းနှင့် နေအိမ်ကလေးများ ဖျားနာပါက ကျန်းမာရေးဌာနှင့် ဆက်သွယ်၍ ကုသမှုကိုခံယူကြရန် အသိပညာပေးဆွေးနွေးကာ တစ်အိမ်တက်ဆင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့်အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)