အမြို့မြို့အနယ်နယ်သတင်းများ

Jun 11,2023
ကရင်ပြည်နယ် ကေ့ကရိတ်ခရိုင်၊ ကေ့ာကရိတ်မြို့နယ်၊ စည်ပင်သာယာရေးရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်နှစ်အတွက် ပညာသင် ကျောင်းသုံးပစ္စည်းများ နှစ်စဥ်ထောက်ပံ့ပေးအပ်လျက်ရှိပြီး ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်အတွက် ပညာသင် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ရပ်ကွက်များအတွင်း မိုးရာသီ ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Jun 11,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနနှင့် သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ပူးပေါင်းကျင်းပသည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက သုခစိုးဟိုတယ်၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးထွန်းထွန်းထွေး၊ ဒေါက်တာ ထွန်းရွှေ၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 
Jun 11,2023
၂၀၂၃−၂၀၂၄ ပညာသင်နှစ် ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၁၀ ရက် နံနက် ၁၀ နာရီက ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 11,2023
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာချန်ဖွမ်၊ မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဖွဲ့ဝင်များအား ဇွန် ၁၀ ရက်နေ့တွင် ပြည်နယ် အစိုးရအဖွဲ့ရုံး၌ သီးခြားစီတွေ့ဆုံ၍ ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
Jun 11,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကို မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း တက္ကသိုလ် ဖူဆယ်အားကစားကွင်းအနီး မြေကွက်လပ်၌ ဇွန်လ ၁၀ ရက် နံနက် ၇ နာရီခွဲက ကျင်းပ ပြုလုပ်ခဲ့ကြသည်။
Jun 11,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ သဒွန်ကျေးရွာအုပ်စု၊ မြောင်းတောင်ကျေးရွာတွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအကြမ် းဖက်မှုပပျောက်ရေးနှင့် အခြားကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနနှင့် တောင်ကုတ်မြို့နယ်အခြေစိုက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးများအသင်းတို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါကျေးရွာ မူလတန်းလွန်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။