စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

စစ်ကိုင်း ဇွန် ၁၄

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဇေယျာရပ် အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းသား/သူလေးများအား ဖိတ်ခေါ်၍ စကားပုံဆက်ပြိုင်ပွဲ ကျင်းပပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကျောင်းသား/သူများ ကျောင်းစာအပြင် ဗဟုသုတများရရှိနိုင်စေရန် စာပေ ဖတ်ရှုလေ့လာကြဖို့လိုကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ၊ အတက်ပညာများ ရရှိကာ အမှား/ အမှန် ဝေဖန်ပိုင်းခြားနိုင်မှာ ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတ/ ရသ စာအုပ်များကို အခမဲ့ ငှားရမ်းပေးနေလျက်ရှိရာ လာရောက်စာဖတ်ကြပါလို့ ဖိတ်ခေါ်ပါကြောင်း ဆွေးနွေးပြေကြားပြီး ကျောင်းသား/သူလေးများအား စကားပုံဆက်ပြိုင်ပွဲကျင်းပပေးရာ ဆုရရှိခဲ့ကြသည့် ကျောင်း သား/ ကျောင်းသူလေးများအား တာဝန်ရှိသူများက အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန် ဟောပြေပွဲများဆောင်ရွက်ခြင်း၊ စာအုပ်များအခမဲ့ငှား ရမ်းပေခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အသိပညာပေး Talk Show များဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်