သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

သံတောင်ကြီး ဇွန် ၁၅

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊  လူငယ်လူရွယ်များ၊ ကျောင်းသူကျောင်းသားများမှ အသိပညာဗဟုသုတ ရရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ် သိရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နေ့လည် (၂) နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီး မြို့နယ်ဦးစီးအရာရှိ ဒေါ်နော်လော်မူက မူးယစ်ဆေးဝါးမှ ထုတ်ယူနိုင်သော အရင်းခံအပင်လေးမျိုး၊ မူးယစ်ဆေးအန္တရာယ်ကြောင့် နှစ်စဉ်လူသန်းနှင့်ချီပြီး သေဆုံးခဲ့ရခြင်း၊ သာယာချမ်းမြေ့သော မိသားစုအိမ်ထောင်စုများ ပြိုကွဲခဲ့ရခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ အဆိုအမိန့်များ မူးယစ်ကင်းစင်ကမ္ဘာတစ်ခွင်၊   ရှောင်လေ ဝေးဝေးမူးယစ်ဆေး၊ ဘိန်းကင်းကဇော်လှော်ဇာသောက်စား စသည့် အကြောင်းမူးယစ်ဆေးဝါးအစ ဆေးလိပ်ကအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပေးခဲ့သည်။

အဆိုပါ  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး  Talk  Show   ကို We LoveThanduangGyi Page တွင်ထုတ်လွှင့်ပြသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ