ညောင်ဦး ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ အခြေခံပညာ အထက်တန်းကျောင်း (ပုဂံ)၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် ပလတ်စတစ်များ သုံးစွဲမှုများပြားခြင်းကြောင့် မြေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုများအား ပညာပေး ဟောပြောဆွေးနွေးသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သူဇာစိုး (ဦးစီးအရာရှိ)က မူးယစ်အန္တရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်ခေါင်းစဉ်ဖြင့် မူးယစ် ဆေးသုံးစွဲခြင်းကြောင့် နိုင်ငံ့သားကောင်းရတနာ ကျောင်းသားကျောင်းသူများ မူယစ်ဆေးကြောင့် မပျက်စီးစေရေးနှင့် ဆေးလိပ်၊ကွမ်းမှ အစ စမ်းသပ်မသုံးဆွဲကြရန် ဆွေးနွေး ဟောပြောကာ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက စားသုံးသူအကာကွယ်ပေးရေး၊ ကုန်အညွှန်းအမှတ်တံဆိပ်တို့အား ဟောပြောဆွေးနွေးခဲ့ကြသည်။ဆက်လက်၍ ကျောင်းသားကျောင်းသူများ နံရံကပ်စာစောင်ပြသခြင်းနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း