ကြံခင်း ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ပစ္စည်းများအား စျေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ယနေ့ နံနက်(၉)နာရီအချိန်က ကြံခင်းမြို့နယ် မြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန် ဈေးရောင်းချနေသောဆိုင်များသို့ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့က အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ ငရုတ်သီး၊ ကြက်ဥ၊ ဘဲဥနှင့် အသား၊ ငါးများအား ကုန်ဈေးနှုန်းမြင့်တက်ရောင်းချမှု မရှိစေရေးနှင့် ကုန်ပစ္စည်းများအား ဈေးနှုန်းမှန်ကန်စွာ ရောင်းချစေရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)