ရေတာရှည်မြို့နယ်​၌ အသက်​မွေးဝမ်း​ကျောင်းအ​ထောက်အကူပြု ဆပ်ပြာချက်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ရေတာရှည် ဇွန်  ၁၅

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ်​၌ သမဝါယမနှင့်ကျေးလက်​ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန​၊ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ ဘဏ္ဏာ​ရေးနှစ် အသက်​မွေးဝမ်းကျောင်းအ​ထောက်အကူပြု ဆပ်ပြာချက်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ယ​မန်နေ့နံနက်(၁၀)နာရီအချိန်က ခင်တန်းကြီးကျေးရွာအုပ်စု၊ နတ်​ရေတွင်း​ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ​မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးထွန်းထွန်းလင်းမှ အဖွင့်အမှာစကား​ပြောကြားခဲ့ပြီးနောက် ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန​ ခေတ္တမြို့နယ်ဦးစီးမှူးဦး​ကျော့​မောင်​မောင်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်သည်များကို ရှင်းလင်း​ပြောကြားပြီး သင်ထောက်ကူပစ္စည်းများအား ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တောင်ငူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသက်သက်ထွန်း၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်​ရေးမှူး​ဦးထွန်းထွန်းလင်းနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူ(၂၀)ဦးတက်​ရောက်ကြပြီး သင်တန်းကာလမှာ (၅)ရက်ကြာမြင့်မည်ဖြစ်​ကြောင်း သိရသည်။

​ရေတာရှည်(ပြန်/ဆက်)