ပေါက်တောမြို့ အ.ထ.က ပေါက်တောကျောင်း၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦ အပိုင်းအစများအား ရှင်းလင်းဆောင်ရွက်

​ပေါက်တော ဇွန် ၁၅

ရခိုင်ပြည်နယ်၊​ စစ်တွေခရိုင်၊ ​ပေါက်တောမြို့ ၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် အ.ထ.က ပေါက်တောကျောင်းဝင်းအတွင်း၌ ပျက်စီးသွားသည့် အဆောက်အဦအပိုင်းအစများအား ရှင်းလင်းရေးကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါရှင်းလင်းရေးဆောင်ရွက်ရခြင်းမှာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသား/ကျောင်းသူများ အန္တရာယ် မဖြစ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် အ.ထ.က ပေါက်တော ကျောင်းဝင်းအတွင်းရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် အဆောက်အဦအစိတ်အပိုင်းများကို ဖယ်ရှားရှင်းလင်းခြင်းစသော သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)