အောင်ပန်းမြို့၌ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

ကလော ဇွန် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ပြည်သူ လူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အောင်ပန်းမြို့ မူလတန်းကြိုကျောင်း၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ကလောမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူဇာအောင်က နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူတစ်ရပ်လုံးရရှိခံစားသင့်သော အခွင့် အရေးများကို အချိန်နှင့်တစ်ပြေးညီ အပြည့်အဝရရှိနိုင်ရန်နှင့် အခွင့်အရေးများအပေါ် အသိအမှတ်ပြုနားလည် လက်ခံသည့်စနစ်များ၊ ဖွဲ့စည်းပုံများ လုပ်ထုံးလုပ်နည်းများနှင့် အကောအထည်ဖော်မှုများကို စေတနာ့ဝန်ထမ်းများနှင့် လူမှုရေးဆောင်ရွက်နေသူများ သိရှိနားလည်ပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ကလောမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရှိ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအသင်းအဖွဲ့၊ မြို့နယ် ကြက်ခြေနီအသင်းအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)