တောင်ကုတ်မြို့နယ်၌ မိုးစပါး ဘောင်ပျိုးမျိုးစေ့ချ ကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်

တောင်ကုတ် ဇွန်လ ၁၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးစပါးဘောင်ပျိုးမျိုးစေ့ချ ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က သက္ကယ်ပြင်ကျေးရွာ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်မြင့်လှိုင်နှင့် မြို့နယ်စီအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးတို့က အမှာစကားပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက မိုးစပါးဘောင်ပျိုးမျိုးစေ့ချ ကွင်းသရုပ်ပြပွဲ ကျင်းပပြူလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုးစပါးဘောင်ပျိုးမျိုးစေ့ချခြင်းကို ဆောင်ရွက်ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပတ်ဝန်းကျင်းကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်