အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ “စည်းနှင့်စီးသောကမ်း”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

အုတ်တွင်း ဇွန် ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း‌၍ စာရေးဆရာ ဌေးကြည်(စလင်း) ရေးသားသည့် စည်းနှင့်စီးသောကမ်း ခေါင်းစဉ်ဖြင့်ပြုလုပ်သော စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ကနဦးအနေဖြင့် ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးခင်မောင်ချိုက စည်းနှင့်စီးသောကမ်းခေါင်းစဉ်တွင်ပါဝင်သည့် စည်းကမ်းဟူသည် လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်၊ အလေ့အကျင့်တစ်ခု၊ အဓိပ္ပာယ်ရှိသောလူ့ဘဝအတွက် စာရိတ္တ၏ ရှေ့ဆောင်လမ်းပြ ဖြစ်ကြောင်းကို ကျောင်းသား ကျောင်းသူများ၊ အသင်းအဖွဲ့များနှင့် အပြန်အလှန်ဆွေးနွေးကြသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို စာဖတ်ဝိုင်းပြုလုပ်သည့် ကျောင်းသားကျောင်းသူနှင့်အသင်းအဖွဲ့ (၂၅)ဦးအား ဖြန့်ဝေပေးသည်။

အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူ လူငယ်များ စာပေအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အဆိုပါစာဖတ်ဝိုင်းကို ၂၀၁၈ခုနှစ်မှစတင်ကာ လစဉ်ပုံမှန်ပညာပေးဆွေးနွေးလျက်ရှိကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ ဆက်)