ဗဟန်း ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် စည်ပင်သာယာရေးကော်မတီ ကြီးကြပ်မှုဖြင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းနှင့် သန့်ရှင်းရေးဌာနမှ ယနေ့နံနက် ၇ နာရီက ငါးထပ်ကြီးတောင်ရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်းသွယ်၌ ရပ်ကွက်နေပြည်သူများကို ဆီ၊ ကြက်ဥနှင့် သား/ငါးများကို ညွှန်ကြားချက်များနှင့်အညီ ရောင်းချကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် စားအုန်းဆီ ၁ ပိဿာလျှင် ၄၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး လျှင် ၂၂၅ ကျပ်၊ ကြက်သား ၁ ပိဿာလျှင် ၈၂၀၀ ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ အမဲသား ၁ ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ဝတ်သား ၁ ပိဿာလျှင် ၁၄၀၀၀ ကျပ်နှင့် ရေချိုငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်အတွင်း ရှိပြည်သူများအား ရောင်းချပေးခဲ့သည်။
အဆိုပါရောင်းချရာနေရာသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနမှ ဒုတိယဌာနမှူး ဦးအောင်သန်းထွဠ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စန္ဒာမိုး