ကျိုက်လတ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကျိုက်လတ် ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက် (၇)နာရီခွဲကစ၍ အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့ စျေးနှုန်းသက်သာစွာဖြင့် အောက်ရွာလေးစျေးနှင့် ရပ်ကွက်အတွင်းရှိ လမ်းများတွင် ရောင်းချပေးခဲ့ကြသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့၏ ဦး‌ဆောင်မှုဖြင့် ဆီ(၅ဝ)ကျပ်သားလျှင် (၂၁၀၀)ကျပ်၊ ဘဲဥ(၁)လုံးလျှင် (၂၅ဝ)ကျပ်၊ ဝက်သား (၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ်၊ ဟင်းသီးဟင်းရွက်များဖြစ်‌သော ကန်စွန်းရွက်၊ ပဲသီး၊ ဘူးညွှန့်၊ ငရုတ်သီးများအား သက်သာသောစျေးနှုန်းဖြင့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေး/ကုဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီပေးခဲ့ကြောင်း သိရသည်။

ရီရီမြင့်