အမြို့မြို့အနယ်နယ်သတင်းများ

Jun 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသ ချင်းရွှေဟော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယမန်နေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြသည်။
Jun 20,2023
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း ( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Jun 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ကြို အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ပုံပြော ပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန် လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Jun 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ထုတ်ဝေသည့် အသိပညာပေးလက်ကမ်း စာစောင်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန်အလို့ငှာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) အတွင်း လာရောက်ပေးအပ်ခဲ့သည်။
Jun 20,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၀ ရက် နံနက် ၇ နာရီခွဲက နှမ်းကန်ကျေးရွာ၌ ပြုလုပ်ရာ ပျိုးပင် ၁၀၀၀ ကို နေရာလေးနေရာခွဲ၍ စိုက်ပျိုးခဲ့ကြောင်းသိရသည်။
Jun 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန် ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာမြို့နယ်အတွင်းရှိကျေးရွာများသို့သွားရောက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  အလေးထားဂရုစိုက်ဖွယ် ဝမ်းပျက်အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀  နာရီအချိန်က ပြုလုပ်ခဲ့သည်။
Jun 20,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ လိုအပ်လျက်ရှိသော ကျောပိုးအိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပူတာအိုမြို့နယ် လန်းတောင်ကျေးရွာအုပ်စု ဇီဒမ်း-၂ ကျေးရွာ ဘုရားကျောင်း၌ ကျင်းပသည်။