သာစည်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

သာစည် ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သစ်တောဦးစီးဌာနက  ၂၀၂၃  ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၀ ရက် နံနက် ၇ နာရီခွဲက နှမ်းကန်ကျေးရွာ၌ ပြုလုပ်ရာ ပျိုးပင် ၁၀၀၀ ကို နေရာလေးနေရာခွဲ၍ စိုက်ပျိုးခဲ့ကြောင်းသိရသည်။

သစ်ပင်စိုက်ပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက လူထုဖြန့်ပျိုးပင်များကို ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖြူဝင်းနှင့် နှမ်းကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတို့ထံ ပေးအပ်သည်။     ဆက်လက်ပြီး    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းထွန်း-၂နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိုးရာသီ သစ်ပင်စိုက်ပျိုးပေးကြသည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/မများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ သစ်ပင်စိုက်ပျိုးနေမှုအား လှည်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ယူကလစ် ၁၅၀ ပင်၊ စိန်ပန်း ၁၀၀ ပင်၊ မယ်ဇလီ ၁၅၀ ပင်၊ တမာ ၁၀၀ ပင်၊ ရေတမာ ၁၀၀ ပင်၊ ခရေ ၁၀၀ ပင်၊ သပြေဘူတ ၁၀၀ ပင်၊ မယ်ဇယ် ၁၀၀ ပင်နှင့်ကုက္ကို ၁၀၀ ပင်၊   စုစုပေါင်း   ပျိုးပင် ၁၀၀၀ ကို နှမ်းကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း နှစ်နေရာ၊  စာသင်ကျောင်းဝင်းအတွင်းနှင့် ကျေးရွာအဝင်လမ်းဘေးဝဲယာတို့၌ စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

၂၀၂၃   မိုးရာသီတွင်  သာစည်မြို့နယ် သစ်တောဦးစီးဌာနမှ  လူထုဖြန့်  ပျိုးပင်  ၇၀၀၀၀  ကို ပျိုးထောင်ဖြန့်ဝေ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)