အမြို့မြို့အနယ်နယ်သတင်းများ

Jun 20,2023
ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလတ်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက သဲကုန်းမြို့နယ်၊ ​ကျေးလတ်​ဒေသဖွံ့​ဖြိုး​တိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 20,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၉) နာရီခွဲ အချိန်က ဘူးသီးတောင်မြို့ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.ကခွဲ၊ အ.လ.က(၃)ကျောင်း၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူလူထုများ ပူးပေါင်း၍ စုစုပေါင်းအင်အား( ၇၈)ဦးဖြင့် ကျောင်းသား/ကျောင်းများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး၊ အမှိုက်များ ရှင်းလင်းခြင်း၊ ခြုံနွယ်/ ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီး/ရေလာ ကောင်းမွန်စေရေး Backhole(၁)စီးဖြင့် ရေမြောင်းများ တူးဖော်ခြင်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
Jun 20,2023
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်ဟန်နှင့် အဖွဲ့ဝင်များသည် မြန်မာ့ကျောက်မျက်ရတနာများ နိုင်ငံတကာစျေးကွက်တွင် ဝင်ရောက်နေရာယူနိုင်ရန်၊ နိုင်ငံတကာပြပွဲများတွင် အချိန်မီပြသနိုင်ရန်တို့အတွက် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ အသင်းချုပ်တာဝန်ရှိသူများနှင့် ယမန်နေ့ နံနက်တွင် အသင်းချုပ်ရုံး၌ တွေ့ဆုံခဲ့သည်။
Jun 20,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် အ.ထ.က(၁)နှင့်အ.ထ.က(၂) ကျောင်းတို့၌ ဖြန့်ဝေပေးခဲ့သည်။
Jun 20,2023
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့တွင် မိုးဦးကာလတွင် စတင်စိုက်ပျိုးထားသော ပိုက်ဆံလျှော်သီးနှံ သစ်စိမ်းမြေသြဇာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဒုတိယဦးစီးမှူး ဦးမျိုးထက်ထံမှ သိရသည်။
Jun 20,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်ဥပဒေရုံး၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 20,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက  မအီမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြရတနာ) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။