လောက်ကိုင်‌ဒေသ ချင်းရွှေဟော်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

လောက်ကိုင် ဇွန် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ဒေသ ချင်းရွှေဟော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယမန်နေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ဖြန့်ဝေရာတွင် ခချင်းရွှေဟောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ မိဘများနှင့် လမ်းသွားလမ်းလာပြည်သူများအား ပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်စာစောင် စောင်ရေ(၂၆၄)စောင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်ထိထိရောက်ရောက်ရှာဖွေဖော်ထုတ်မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်းမူးယစ်ဆေးဝါးတို့ရှောင်ရှား(ကဗျာ)ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များစသည့်ကဏ္ဍများပါဝင်ကြောင်း သိရသည်။

ညိုညိုဝင်း(လောက်ကိုင်)