ကျိုက်ဒုံ ဇွန် ၂၀
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း ( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင် က စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့်စာပေမှ ရရှိသည့် ဗဟုသုတအကြောင်းအရာများကို အပြန် အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာ လူထုစိန်ဝင်း ရေးသားထားသော ''ပန်းတိုင်ကဘာလဲနှင့် အခြားဆောင်းပါးများ'' စာအုပ်ဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း( Book Club) အဖွဲ့ဝင် ဒေါ်ခြူးစန္ဒာလွင်မှ ဝါသနာကို ပြုစုပျိုးထောင်ပါ၊အဆိုးထဲကလည်းပညာရပါတယ်၊ မေမှာ ပွင့်တဲ့ချယ်ရီ ခေါင်းစဥ်ဖြင့် လည်းကောင်း၊ ဒေါ်နန်းအေးချိုမှနားစွင့်၊မျက်စိဖွင့်ပြီး စောင့်ကြည့်၊ ခေါင်းမအိုရင် လူမအိုဘူး၊လူတွေအကြောင်းသိချင် တာပါစသည့် စာအုပ်ပါအကြောင်းအရာခေါင်းစဥ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်