တနင်္သာရီမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ပညာပေးလက်ကမ်းစာစောင်များ လာရောက်ပေးအပ်

တနင်္သာရီ ဇွန် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ထုတ်ဝေသည့် အသိပညာပေးလက်ကမ်း စာစောင်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန်အလို့ငှာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်လူထုအခြေပြု ဗဟိုဌာန (Community Centre) အတွင်း လာရောက်ပေးအပ်ခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်များကို မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးအင်ကို (နိုင်ငံ့ဝန်ထမ်းအငြိမ်းစား)က ဦးဆောင်၍ အဖွဲ့ဝင်-ဒေါ်လှိုင်အိဖြိုး(ဥပဒေ ပညာရှင်)နှင့် ဦးအောင်ငွေ(ရပ်မိရပ်ဖ) တို့က လာရောက်ပေးအပ်ရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိန်ဝင်းက လက်ခံရယူခဲ့ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွင်း နံရံကပ်နှင့်မြေစိုက်ဘုတ်တို့တွင် အများပြည်သူလေ့လာနိုင်အောင် ပြသပေးသွားမည်ဟု သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် "ဥပဒေနှင့်အညီ ခုခံချေပဖို့ နွမ်းပါးပြည်သူ ကူကြစို့" ဆောင်ပုဒ်နှင့်အညီ  ဥပဒေဆိုင်ရာအထောက် အကူပေးရာတွင် ဥပဒေအရာ၌ မျှတမှုနှင့်တန်း တူညီမျှမှု အခွင့်အရေးများရရှိစေရန် ရည်ရွယ်ချက်များ၊ အခြေခံမူများနှင့် ဥပဒေဆိုင်ရာအ ထောက်အကူ တောင်းခံခွင့်ရှိသူများ(၇)မျိုး၊ ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်သည့်လုပ်ငန်းများ(၆)မျိုးအပြင် ဆက်သွယ်နိုင်မည့် Ph,09:422211781နှင့် Ph,09:422212145 တို့ ဖော်ပြပါရှိကြောင်း သိရသည်။

နန်းသာရီ-ထန်ဝင်း(ပြန်/ဆက်)