ဇေယျာသီရိမြို့နယ်၌ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန် ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး

ဇေယျာသီရိ ဇွန် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန် ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာမြို့နယ်အတွင်းရှိကျေးရွာများသို့သွားရောက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးအား ဇေယျာသီရိမြို့နယ်အတွင်း ကျွဲ၊ နွားကူးစက်ရောဂါများ ထိန်းချုပ်နိုင်ရန် အတွက်ထိုးနှံပေးခြင်းဖြစ်ရာ ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်စုခိုင်နှင့်ဝန်ထမ်းများ၊ အခြေခံတိရိစ္ဆာန်ကျန်းမာရေးလုပ်သားများက ဇွန်လ ၂၀ ရက်နေ့ မှ ၁၉ ရက်နေ့အထိ မြို့နယ်အတွင်း ကျေးရွာအုပ်စုများသို့ သွားရောက်ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့တွင် ကျောက်ချက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်ထိုးနှံပေးလျက်ရှိပြီး ဇေယျာသီရိ မြို့နယ်အတွင်းရှိ ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မိမိတို့၏ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ ထိုးနှံလိုပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များမှတစ်ဆင့် ချိတ်ဆက်ကာ စာရင်းပေးသွင်းထိုးနှံနိုင်ကြောင်း ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ထွန်းလင်း(ဇေယျာမြေ)