လဟယ်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ

လဟယ် ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့ကြို အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ပုံပြော ပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန် လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ပြိုင်ပွဲများ ကျင်းပရာတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို မူးယစ်ကင်းစင် ကျောင်းတခွင် ခေါင်းစဉ်ဖြင့် အထက ကျောင်းတွင်လည်းကောင်း၊ အလယ်တန်းအဆင့် ရှောင်လေဝေးဝေး မူးယစ်ဆေးနှင့် အဆိပ်ပန်းကဗျာခေါင်းစဉ်ဖြင့်လည်ကောင်း၊ အလွတ်တန်း စိတ်ကြိုက်ပန်းချီကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ ပြိုင်ပွဲကို ပြန်/ဆက်ရုံးတွင်လည်းကောင်း ပြိုင်ပွဲဝင် ကျောင်းသား/သူ(၉၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးဇာနည်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရန်အေးနှင့် မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဦးရှားဆက်တို့က ကြည့်ရှု အားပေးခဲ့ကြပြီး ဆုပေးပွဲကို (၂၆-၆-၂၀၂၃) ရက်နေ့တွင် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပါမင်းလိုင်(လဟယ်)