ခရမ်းမြို့နယ် Community Centre ခန်းမ၌ အလေးထားဂရုစိုက်ဖွယ် ဝမ်းပျက်အန္တရာယ်အကြောင်း အသိပညာပေး Talk Show  ဆောင်ရွက်

ခရမ်း ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  အလေးထားဂရုစိုက်ဖွယ် ဝမ်းပျက်အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀  နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ပြည်သူအများသတိပြုသင့်သည့် အလေးထားဂရုစိုက်ရမည့် ဝမ်းပျက်အန္တရာယ်အကြောင်း၊ ကလေးများတွင်ဝမ်းပျက်ဝမ်းလျော‌ ရောဂါဖြစ်ပွားရသည့် အကြောင်း၊ ဝမ်းပျက်ဝမ်းလျော ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ဝမ်းပျက်၊ ဝမ်းလျော ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့်သည့် နည်းလမ်းကောင်းများ၊ ဆောင်ရွက်ရမည့်နည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိအောင်  Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း (ပြန်/ ဆက်)