Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငဖဲမြို့နယ်ပေါ် ဌာနဆိုင်ရာရုံးများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ အပတ်စဉ်ဆောင်ရွက်…
Jun 26,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဌာနဆိုင်ရာရုံးများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို အပတ်စဉ်တနင်္လာနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ဌာနဆိုင်ရာရုံးများတွင် အသီးသီးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အထက-တနင်္သာရီတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးရေးဖြေပြိုင်ပွဲပြုလုပ်
Jun 26,2023
၂၀၂၃ခုနှစ်၊ ဇွန်လ၂၆ရက်နေ့တွင် ကျရောက်သည့် (၃၆) နှစ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဇွန်လ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီခွဲအထိ အထက-တနင်္သာရီကျောင်း Grade-12 စိန်ပန်း စာသင်ဆောင်အတွင်း ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပြည်သူ့ဝန်ထမ်းအငြိမ်းစားများမှ ဆိုလာနှင့်ဘက်ထရီအိုး လှူဒါန်းပေး
Jun 26,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပြည်သူ့ဝန်ထမ်း အငြိမ်းစားများမှ စုပေါင်းလှူဒါန်းသည့် ဆိုလာနှင့်ဘက်ထရီအိုးကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံပေးအပ် လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းပညာရေးဒီကရီကောလိပ်တွင် လူငယ်ရေးရာဟောပြောပွဲကျင်းပပြုလုပ်
Jun 26,2023
လူငယ်လူရွယ်များစာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရေးနှင့် မြန်မာစာပေအပေါ် ချစ်မြတ်နိုးလာတတ်စေရန် ရည်ရွယ်လျှက် လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းပညာရေးဒီကရီကောလိပ်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့မစျေးတွင် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်ဖြင့် ဈေးမရောင်းရနေ့ သတ်မှတ်ခြင်း အသိပညာပေးလုပ်ငန်းဆောင်ရွက်
Jun 26,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးနှင့်ပြည်သူများ တစ်ခါသုံး ပလတ်စတစ်ကြွပ်ကြွပ်အိတ် လျော့နည်း သုံးစွဲစေရေးအတွက် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်ကြွပ်ကြွပ်အိတ်ဖြင့် ဈေးမရောင်းရနေ့ သတ်မှတ်ခြင်း အသိပညာပေး (Campaign) လုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတာဝန်ခံရုံး၌ ယနေ့နံနက် ၇ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jun 26,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဇွန် ၂၁ မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jun 26,2023
မွန်ပြည်နယ် မော်လမြိုင်တွင်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက် ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဈေးကြိုရပ်ကွက်ရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပိုင် (၃.၄၂)ဧကစိုက်ခြံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ ပေးအပ်ခြင်းများဆောင်ရွက်
Jun 26,2023
မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ထင်းအစားထိုး အခြားလောင်စာတိုးမြှင့်အသုံးချရေး အသိပညာပေး ဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ ပေးအပ်ခြင်းကို ယမန့်နေ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10638
Page
10639
Page
10640
Page
10641
Current page
10642
Page
10643
Page
10644
Page
10645
Page
10646
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department