အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ စားသောက်ကုန်များအား ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက အမှတ် ၄ ရပ်ကွက် ရာပြည့်စျေးတွင် ရောင်းချပေးခဲ့ကြသည်။
Jun 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယခုနှစ်အတွင်း မော်တော်ကားများဖြင့် ရွေ့လျားစားသောက်ဆိုင်များ ဖွင့်လှစ်လာမှုများလာကြောင်း သိရသည်။
Jun 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို ယနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်မှစတင်၍ အမှတ်(၁၄)ရပ်ကွက်၊ ဆွမ်းလောင်းဓမ္မာရုံတွင် ရောင်းချပေးခဲ့သည်။
Jun 27,2023
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ပြည်သူများ လူမှုဘဝနေ့စဉ်စားသောက်ရာတွင် တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဝယ်ယူ စားသောက်နိုင်ရန်အတွက် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးကြောင်း သိရသည်။
Jun 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဇွန်လ ၂၆ ရက် နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စောင်ရေ (၄၅၀) အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Jun 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း အမျိုးသားခန်းမတွင် အမှိုက်စနစ်တကျ စွန့်ပစ်တတ်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် အမှိုက်ပုံးများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jun 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရွှေအိမ်မင်းဖလား စစ်တုရင်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက်(၆)ရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်တုရင်ကလပ်တွင် ကျင်းပသည်။