မော်လမြိုင်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ

မော်လမြိုင် ဇွန် ၂၆

မွန်ပြည်နယ် မော်လမြိုင်တွင် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက် ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဈေးကြိုရပ်ကွက်ရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပိုင် (၃.၄၂)ဧကစိုက်ခြံ၌ ကျင်းပသည်။
 ရှေးဦးစွာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် မွန်ပြည်နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးတို့က တာဝန်ရှိသူများထံ စိုက်ပျိုးမည့် ပင်များ ပေးအပ်ခဲ့သည်။
 ထိုနောက် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးရာတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် မွန်ပြည်နယ်မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးတို့က သစ်အမျိုးအစားများဖြစ်သော မဟော်ဂနီ သစ်မျိုးကိုစိုက်ပျိုးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများက သစ်မျိုး(၂)မျိုး အပင်အရေအတွက်(၃၀၀)ပင် စိုက်ပျိုးနေမှုများ ကိုပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ​ လှည့်လည်ကြည့်ရှုအားပေး၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်းသိရသည်။
သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ ရှိစေရေး၊ သစ်တော သစ်ပင်တန်ဖိုးများကို အများပြည်သူ အလေးထားသိရှိနိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ ဆက်)