အမြို့မြို့အနယ်နယ်သတင်းများ

Jun 26,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် သစ်တောဉီးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ယမန်နေ့နံနက် ၉း၃၀ နာရီက ပဒဲကောကျေးရွာအုပ်ရှိ သံတွဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ လေဘေးသင့် ဒေသများအား ပြန်လည် ထူထောင်ရေးဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်အားပေးချီးမြှင့်ပေးခဲ့သည်။
Jun 26,2023
သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre) ၌ ယမန်နေ့ န့နက် ၁၁ နာရီက ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အအေးပေး ပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ပြုလုပ်ခဲ့သည်။
Jun 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ အခြေခံစားသောက်ကုန်များဖြစ်သော ကြက်ဥနှင့်ငါးများအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခြင်းကို ငရုတ်ကောင်းမြို့ဌာနဆိုင်ရာများမှပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းကအမှတ် (၁) ရပ်ကွက်၊ လမ်းမတော်လမ်း၌ရောင်းချပေးခဲ့ကြသည်။
Jun 25,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အများပြည်သူ စားသုံးသူများ နစ်နာမှုမရှိစေရေး၊ ရောင်းချသူဈေးသူဈေးသားများအနေဖြင့် မှန်ကန်သည့် အချိန်အတွယ်များဖြင့် ရောင်းချမှုရှိစေရေးတို့အတွက်  မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်နှင့်ဝန်ထမ်းများလိုက်ပါ၍  ယနေ့နံနက်ပိုင်းက မြို့မကိုယ်ထူကိုယ်ထဈေးအတွင်း၌ အသံချဲ့စက်ဖြင့် အသိပေးကြေညာခဲ့သည်။
Jun 25,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။