မိုးညို ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဇွန် ၂၁ မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ၏ဝိုင်းဝန်းကူညီမှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့ထိ စတုတ္တအကြိမ် ကျောင်းသား/ သူ ၁၇၉၄ ဦး၊ ပထမအကြိမ် ကျောင်းသား/ သူ ၁၆၀၂ ဦး၊ စုစုပေါင်း ၃၃၉၆ ဦးအားထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ကိုမင်း(ပြန်/ ဆက်)