စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း(၃၄၄၉)ဦးအား စားအုန်းဆီ(၆၈၉၈)ပိဿာ ရောင်းချ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးပိုမိုအဆင်ပြေစေရန်နှင့် စားနပ်ရိက္ခာဖူလုံရေးကို ရည်ရွယ်ကာ ရပ်ကွက်/ကျေးရွာများ၊ စက်ရုံ/အလုပ်ရုံများနှင့် ဌာနဆိုင်ရာရုံးများတွင် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများကို စဉ်ဆက်မပြတ် ရောင်းချလျက်ရှိရာ ယနေ့နံနက်ပိုင်းက စားသုံးဆီအရောင်းဆိုင်များ၌ ဌာနဆိုင်ရာဝန်ထမ်း(၃၄၄၉)ဦးအား စားအုန်းဆီ(၆၈၉၈)ပိဿာ ရောင်းချပေး ရောင်းချပေးခဲ့ကြောင်း သိရသည်။