ဒဂုံ ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက အသည်းရောင်ရောဂါ (A) ကာကွယ်ဆေးထိုးနှံပေးခြင်းအား ဦးဝိစာရရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အသည်းရောင်ရောဂါ(A)ကာကွယ်ဆေးထိုးနှံပေးခြင်းအား ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်အတွင်းရှိ မီးရထားဝင်းအတွင်း နေထိုင်သူများ၊ မင်းမနိုင်ဈေးအတွင်းရှိ ပြည်သူတစ်ရာဦးကို အသည်းရောင်ရောဂါ (A) ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကျော်သူဟိန်း (ပြန်/ဆက်)