တောင်ငူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိ
ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ Pfizer ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး နေ့စဥ်အခမဲ့ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ လာရောက်ထိုးနှံလျက်ရှိသည်။