ပေါင်မြို့နယ်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ပေါင် ဖေဖော်ဝါရီ ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့သန့်ရှင်းသာယာရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ သန့်ရှင်းရေးများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၇)နာရီက ရွှေတိဂုံဖူးမြော်စေတီ အတွင်းအပြင်နှင့် လမ်းဘေးဝဲယာ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာမှ ဝန်ထမ်းများ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များတို့ စုပေါင်းကာ ပတ်၀န်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက်   စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို  တစ်ပျော်တစ်ပါး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိပြီး မြို့တွင်းလမ်းများ၊ ရေနုတ်မြောင်းများ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးရုံ စသည့် အများပြည်သူအသုံးပြုရာ နေရာများကို ဦးစားပေးကာ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)