ကော့မှူး ဖေဖော်ဝါရီ ၂၂
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပခဲ့ရာတွင် မဲဆန္ဒရှင်အင်အား (၅၀) ရာခိုင်နှုန်းနှင့်အထက် မဲပေးခဲ့သည့် ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက်မဲရုံများအား တစ်ရုံလျှင် (၁) သိန်းကျပ်နှုန်းဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဲရုံ (၁၀၀) ရုံအတွက် ငွေကျပ်သိန်း (၁၀၀) အား ချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးကျော်ဇင်ထက်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဂုဏ်ပြုချီးမြှင့်ငွေနှင့်အတူ ဂုဏ်ပြုမှတ်တမ်းလွှာအား ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများသို့ ပေးအပ်ခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါကြောင်း သိရသည်။
ထို့နောက် ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားကျင်းပခဲ့ရာ အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များက လုံခြုံရေးဆိုင်ရာလုပ်ငန်းများအား အထူးအလေးထားဆောင်ရွက်ရန် မီးဘေးကြိုတင်ကာကွယ်ရေး ပုံမှန်စစ်ဆေးဆောင်ရွက်သွားရန် ဓါတ်မြေသြဇာ/ မျို့စေ့ချကရိယာဖိုးကြွေးကျန်များ အမြန်ကောက်ခံပေးသွင်းရန် ပွဲမိန့်တင်ပြလာမှုအပေါ် စနစ်တကျစိစစ်တင်ပြရန် စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စများအား ညွှန်ကြားချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန်၊ စိုက်ဘဏ်ကြွေးကျန်များ ပေးဆပ်နိုင်ရေးကြတ်မတ်ဆောင်ရွက်ရန် ကိစ္စရပ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်သူရ