တောင်သာမြို့၌ ငွေကြေးဖြင့်နိုင်ငံထူထောင်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန  မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဧပြီ ၆ ရက် နံနက် ၁၀ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာ မြို့နယ်ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ဝီလျှံအောင်၏ ငွေကြေးဖြင့် နိုင်ငံထူထောင်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင်၊ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဧပြီ (၁)ရက်မှစတင်၍  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၂၅ ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းနှင့် စမ်းချောင်းမြို့နယ်၊ ပဒုမ္မာအားကစားကွင်းတို့တွင် နေ့စဉ်နံနက် ၇ နာရီခွဲနှင့် မွန်းလွဲ ၃ နာရီခွဲတို့တွင် ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ် စတင်ဆောက်လုပ်

ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဥ်‌ကျေးမှုမဟာသင်္ကြန်ပွဲ‌တော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းများကို ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံ၌ အပူဒဏ်ကြောင့်ဖြစ်ပေါ်သော ရောဂါများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကြိုတင်ပြင်ဆင် 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံ၌ အပူဒဏ်ကြောင့် ဖြစ်ပေါ်သောရောဂါများဖြင့် ပြည်သူ့ဆေးရုံသို့ရောက်ရှိလာသော လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆေးနှင့်ဆေးဝါးပစ္စည်းများ ကြိုတင်ဖြည့်တင်းပြင်ဆင်ထားရှိခြင်း၊ နေရာချထားပြင်ဆင်မှုများဆောင်ရွက်ခြင်း၊ အပူဒဏ်အန္တရာယ်လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်း လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်း၊ အပူဒဏ်နှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် လုပ်ငန်းများအား ကြိုတင်ပြင်ဆင်ထားရှိခြင်းများကို ၂၀၂၆ ခုနှစ် ဧပြီ(၆)ရက် နံနက်((၈)နာရီက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးမိုးအောင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်ကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက်တောင်ယာငရုတ်သီးခြောက်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းမှုအဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစိုက်ပျိုးလျက်ရှိရာ မိမိတို့၏ မြေလွတ်မြေရိုင်းများတွင် တောင်ယာများ ခုတ်ကာ နှစ်ရှည်ပင်သီးနှံများဖြစ်သည့် ကွမ်းပင်၊ ဒူးရင်း၊ မင်းကွတ်၊  ဖာလာ၊ ကော်ဖီ၊ တညင်း စသည့်နှစ်ရှည်ပင်များနှင့်အတူ နှစ်တိုပင်သီးနှံဖြစ်သည့် ငရုတ်ပင်များကို ကြားညှပ်စိုက်ပျိုးကြရာ ယခုအချိန်တွင် သံတောင်ကြီးဒေသထွက် တောင်ယာငရုတ်သီးခြောက်များ  ဝယ်လိုအားကောင်းပြီး  ဈေးကောင်းရရှိကြောင်း  သိရသည်။

သံတောင်ကြီးမြို့နယ်တွင် မွေးစမှအသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ဒေါက်တာဇေယျာဦးမှ ဦးဆောင်၍ ကျန်းမာရေးဆရာမဒေါ်နော်နီကမွီးနှင့် ကျန်းမာရေးဆရာမများက ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့ပြည်သူ့‌ဆေးရုံ၌ အပူဒဏ်‌ကြောင့် ဖြစ်တတ်‌သောရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကြိုတင်စီစဉ်‌ထား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့  ပြည်သူ့ဆေးရုံတွင် ဧပြီ  ၄ ရက်က စတင်ပြီးအပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်သောရောဂါများအတွက်  လာရောက်ပြသသည့်လူနာများ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကုသပေးမည့်နေရာအားကြိုတင် စီစဉ်ထားကြောင်း သိရသည်။

ရေတာရှည်မြို့အတွင်းရှိ စားအုန်းဆီများဈေးနှုန်းမြှင့်တင်စွာရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ယမန်နေ့ နံနက်ပိုင်းက ဆွာ၊ သာဂရ၊ ရေနီမြို့ရှိ စားအုန်းဆီလက်လီ/ လက်ကားအရောင်းဆိုင်များ၌ ပြည်သူများထံ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ခွဲတမ်းရစားအုန်းဆီများရောင်းချပေးမှု ရှိ/ မရှိ အခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဘုတ်ပြင်းမြို့၌ မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်က ပူးပေါင်းအဖွဲ့များမှ  မြို့နယ်ပေါ်ရပ်ကွက်များ၊ မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံ၊ မြို့မဈေးလမ်းဆုံ၊ မြို့ပေါ်များရှိ လမ်းဆုံများနှင့်မြို့ အဝင်အထွက်ဂိတ်တို့တွင် မီးဘေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး

‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် လောင်းလုံးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်ဦး၏ ဦး‌ဆောင်၍ တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၇နာရီခွဲမှစတင်၍ လောင်းလုံးမြို့ ကမြောကင်းကျေးရွာရှိ  စက်သုံးဆီအရောင်းဆိုင်အနီးတို့တွင် ပြည်သူများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်သည်။
Subscribe to