ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် MSME ထုတ်ကုန်များပြပွဲ အခမ်းအနားသို့တက်ရောက်ချီးမြှင့်
ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် MSME ထုတ်ကုန်များပြပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့နယ် စုပေါင်းရုံးဝန်းအတွင်းရှိ MSME ပြခန်းနေရာ၌ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟားခါးမြို့နယ်အတွင်းရှိ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။