ကျောက်ဆည်မြို့၌ အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်းဖွင့်လှစ်

ကျောက်ဆည် ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲတွင် ကျောက်ဆည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းက သင်တန်းတွင်ပို့ချပေးသောဘာသာရပ်များ ကဏ္ဍအလိုက်သင်ယူမှတ်သားသွားရန် အမှာစကားပြောကြားပြီး ခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သင်တန်းစည်းကမ်းချက်များရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းအား ဇွန်၁၇ရက်မှ ၁၉ရက်အထိ (၃)ရက်အကြာ ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ(၇၂)ဦးအား မြန်မာ့တိုင်းရင်းဆေးပညာ၏ အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းကိုပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်တင်ထွေး