ညောင်ဦး ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊အနော်ရထာခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသည်။
အစည်းအဝေးတွင် ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ဆောင်ရွက်ရမည့် စုဖွဲ့မှုများ၊ ကြိုတင်ပြင်ဆင်မှုများ၊ နှိုးဆော်သတိပေးခြင်းများပြုလုပ်ရန် သက်ဆိုင်ရာဌာနများအလိုက် သဘာဝဘေးအန္တရာယ်ဖြစ် ပေါ်လာလျှင် ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းကဏ္ဍအလိုက်ရှာဖွေ ရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးကျော်မင်းသူက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာ ပါက အချိန်နှင့်တပြေးညီတုံ့ပြန်ဆောင်ရွက်နိုင်ရေး စုဖွဲ့ထားရှိမှုအခြေအနေကို ရှင်းလင်းဆွေးနွေးတင်ပြသည်။ ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပြန်လည်တည်ဆောက်ရေးနှင့်ပြန်လည်ထူထောင်ရေး၊ လုံးခြုံရေး၊ ရန်ပုံငွေထိန်းသိမ်းရေး၊ သယ်ယူပို့ဆောင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ငန်းများအား သက်ဆိုင်ရာ ခရိုင်အဆင့်၊မြို့နယ်အဆင့်ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း