မိုင်းယောင်း ဇွန် ၁၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပကြောင်း သိရသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘွန်းစီ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရန် ကြိုတင်တားဆီးကာကွယ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း (ပြန်/ဆက်)