မန္တလေး ဇွန် ၁၇
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ဒသမနေ့) ကို ဇွန် ၁၇.ရက် နံနက် ၁၀ နာရီက မန္တလေး အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ် ၆ ရပ်ဖြင့် ကျင်းပသည်။
အစီအစဉ်အရ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၀)ဦးက မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၅)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် စုစုပေါင်း(၇၇)ဦးတက်ရောက်သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ၁၁ နာရီတွင် ရပ်နားခဲ့ပြီး အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ဇွန် ၁၈ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်သည်။
မြင့်မော်ထွန်း(ပြန်/ဆက်)