စမ်းချောင်း ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်တို့ ပူးပေါင်း၍ မြို့နယ်သမဝါယမအသင်းအမှုဆောင်များနှင့် အသင်း၀န်ထမ်းများ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဖွင့်ပွဲကို ယမန်နေ့က ကျွန်းတောလမ်း၊ ကျွန်းတော (အလယ်) ရပ်ကွက်၊ အရောင်းဆိုင် သမဝါယမအသင်းလီမိတက်၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညိုညိုစံပယ်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစုလိမိတက်ဥက္ကဋ္ဌ ဦး၀င်းတင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး တင်ရောက်ကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)