မကွေးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေး ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို "ဆိုရှယ်မီဒီယာ၏ကောင်းကျိုး၊ ဆိုးကျိုး" နှင့် "ရှောင်လေဝေးဝေး မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် ယနေ့နံနက် ၁၀ နာရီက အ.မ.က(မြင်သာ)​​ကျောင်း ၌ကျင်းပခဲ့သည်။

ရှေးဦးစွာ အ.မ.က(မြင်သာ)ကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးလှစိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က "ဆိုရှယ်မီဒီယာ၏ကောင်းကျိုး၊ဆိုးကျိုး" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက "ရှောင်လေဝေးဝေး မူးယစ်ဆေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။

ထို့နောက် စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ဆက်လက်ကျင်းပရာ  ကျောင်းသား၊ကျောင်းသူများ စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြပြီး  အသိပညာပေးဟော‌ပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး​နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား​၊ ကျောင်းသူများ စုစု​ပေါင်း(၁၂၅)ဦး တက်​ရောက်ခဲ့​ကြောင်းသိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)