ထားဝယ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ထားဝယ်  ဇွန် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်နှင့်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက်ရည်ရွယ်၍ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးကိုကိုစိုးဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင်မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးကိုကိုစိုးဦးဆောင်၍ တပ်ဖွဲ့ဝင်များက လွှတ်တော်ရုံးအဆောက် အအုံ၊ ကိုယ်စားလှယ်များနာနေဆောင်နှင့်ရုံးဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းများနှင့် ပိုးစတားကိုယ်ပိုင်စာသင်ကျောင်းအားမီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ ရေစည်/ရေကန်များစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ စစ်ဆေးခဲ့ကြသည်။

ထို့နောက်တပ်ဖွဲ့ဝင်များက သက်တမ်းကုန်နေသောမီးသတ်ဆေးဘူးများအား လဲလှယ်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း မှာကြားပြီး မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့်ကိုင်တွယ်နည်းများ၊ မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)