မော်လမြိုင် ဇွန် ၁၂
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၃၁) ကြိမ်မြောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူး ဦးဆောင်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးရုံးရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က အရေးပေါ်သွေးလိုအပ်နေသူများကို သွေးလှူဒါန်းခြင်းသည် မွန်မြတ်လှကြောင်း၊ ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများကို ထမ်းဆောင်ပေးကြသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများကို ဝမ်းမြောက်ဂုဏ်ပြုပါကြောင်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စုပေါင်းသွေးလှူဒါန်းကြသည့် ဝန်ထမ်းများအတွက် အားဆေးများ၊ ကြက်ဥ၊ အဟာရဖြည့်စွက်စာများပေးအပ်ခဲ့သည်။
(၃၁) ကြိမ်မြောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၃၂) ဦး စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)