မြစ်သားမြို့နယ် ကျီတော်ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြစ်သား  ဇွန်   ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇွန် ၁၂ ရက် နံနက် နာရီခွဲက ကျီတော်ကုန်းအခြေခံ ပညာမူလတန်း လွန်ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးဌေးဝင်းက လူငယ်နှင့်မူးယစ်ဆေး‌ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေး၏စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့သည်။ ဆက်လက် ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က လူငယ်ရေးရာဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ် ချက်များကိုပြောကြားကာ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းကိုဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးကျော်ဟန်စိုးက လူငယ်နှင့်အား ကစားခေါင်းစဉ်ဖြင့် အားကစားပြိုင်ပွဲများတွင် ထူးချွန် သောအားကစားသမားများ မွေးထုတ်ပေးရန်နှင့် ခန္ဓာကိုယ်ကျန်းမာသန်စွမ်း‌စေရန် အားကစား‌ပါဝင် ကစားကြရန်တို့ကို ဟောပြောခဲ့ပြီး စာအုပ်စာစောင်များကို ကျီတော်ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းစာကြည့်တိုက်အတွက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးဌေးဝင်းအားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးကျော်ဟန်စိုး၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ‌ဦး‌အောင်မိုးလွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့်ဝန်ထမ်းများ၊ ကျီတော်ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင်ထွန်းအောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့်စာအုပ်ပြပွဲကိုပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)