မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေး၊ အောင်သာယာဈေး၊ ဆိပ်ကမ်းသာဈေးနှင့် ဗိုလ်ချုပ်ဈေးတို့တွင် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ လျှပ်စစ်ဌာနနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဈေးကော်မတီဝင်များ ပါဝင်သာ ပူးပေါင်းအဖွဲ့များဖြင့် ဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုများ မရှိစေရေးအတွက် ဈေးဆိုင်ခန်းများတွင် အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီး စနစ်တကျ ကိုင်တွယ်အသုံးပြုရေး၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့်ရေပုံးများ အသင့်ထားရှိရန်၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ် ကြုံတွေ့ရပါက ဆောင်ရန်၊ ရှောင်ရန်များ၊ မီးလောင်မှု ဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် အချက်များအား ပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)