ဇလွန်မြို့ လမ်းမတော်မြောက်ရပ်ကွက်တွင် ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် လမ်းမတော်မြောက်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဇွန်လ ၃၀ ရက်နေ့မှ စ၍ အသက် ၁၂ နှစ်နှင့်အထက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုအား COMIRNADY JN 1/ Gray cap (Pfizer 6 dosages) အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်‌‌နေမှုများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြား

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ ကော့သောင်းခရိုင်နှင့်မြို့နယ်တရားရုံးသစ် အဆောက်အဦ တည်ဆောက်သည့် လုပ်ငန်းအဆောက်အဦနှင့် ခရိုင်နှင့်မြို့နယ်ဥပဒေရုံးသစ်ဆောက်လုပ်မည့် လုပ်ငန်းနေရာများသို့ ယနေ့နံနက် (၁၀) နာရီခန့်က သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က  ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကော့သောင်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုသည် ကော့သောင်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် (၁၅)ကြိမ်မြောက်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

၂၀၂၅ ခုနှစ်၊ (၁၅)ကြိမ်မြောက်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယခုနှစ်မှာလည်း အောင်မြင်စွာကျင်းပြုလုပ်သွားမှာဖြစ်ပြီး မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအားလုံးသို့  ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းသွားမှာဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီဝင်များအနေဖြင့် တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများကို လစ်ဟာမှုမရှိစေဘဲ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်သွားကြဖို့လိုကြောင်း ပြောကြားခဲ့သည်။

ရေတာရှည်မြို့နယ်မြို့မစျေး၌ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများအား မိမိတို့နေထိုင်ရာပတ်ဝန်းကျင် သန့်ရှင်းစေရန်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးကို ယမန်နေ့ နံနက် ၉:၀၀ နာရီအချိန်က ရေတာရှည်မြို့မစျေး၌ ပြုလုပ်ခဲ့သည်။

ငပုတောမြို့နယ် သက္ကာယ်ချောင်းကျေးရွာတွင် RS to CS မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းစုပေါင်းစိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် စပါးမျိုးကောင်းမျိုးသန့်ပြောင်းလဲစိုက်ပျိုးရေး စီမံချက် RStoCS မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သက္ကာယ်ချောင်းကျေးရွာ ကွင်းအမှတ် ၁၃၆၆(ခ)၊ ‌ဦးပိုင်အမှတ် ၃၁/၂ တောင်သူဦးအေးငွေ၏ လယ်မြေ(၈)ဧကတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပေါ်ဆန်းရင် မျိုးစပါးအားကြိုးတန်းစနစ်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးသည်။

တာချီလိတ်မြို့၌ ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးငယ်များအား အာဟာရတိုက်ကျွေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြောနှင့် အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးငယ်များအား အာဟာရတိုက်ကျွေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုရွက်ဆိတ်ကုန်းကျေးရွာ၌ ထိုးနှံပေးခဲ့သည်။
Subscribe to