တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ( ၁/ ၂၀၂၆) ကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ထားဝယ်မြို့၌ ဥပဒေပညာဌာန၏ သရုပ်ပြတရားရုံးဖြင့် အမှုစစ်ဆေးခြင်း အခမ်းအနားကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ထားဝယ်တက္ကသိုလ်၊ ဥပဒေပညာဌာန၏ သရုပ်ပြတရားရုံးဖြင့် အမှုစစ်ဆေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  ထားဝယ်တက္ကသိုလ်၊ ပညာရိပ်သာ၊ Community Centerခန်းမ၌ ကျင်းပသည်။

လွိုင်လင်မြို့နယ်၌ လေပြင်းဒဏ်ခံနိုင်ရေးနေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ လွိုင်လင်မြို့နယ်၌ လေပြင်းဒဏ်ခံနိုင်ရေးနေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ပါသည်။

တွံတေးမြို့နယ်အတွင်းရှိ သတ်မှတ်ကျေးရွာများတွင် တီဘီရောဂါလူနာရှာဖွေဖော်ထုတ်ကုသခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာန(ရန်ကုန်)နှင့် တွံတေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ တွံတေးမြို့နယ်အတွင်းရှိ သတ်မှတ်ကျေးရွာများတွင် တီဘီရောဂါလူနာရှာဖွေဖော်ထုတ်ကုသခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက တွံတေးမြို့နယ်အတွင်းရှိ သတ်မှတ်ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် လူထုကျန်းမာ‌ရေးလုပ်သား (CHW) သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူထုကျန်းမာရေးလုပ်သား (CHW) သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း အခမ်းအနားကို ယ‌နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၂/၂၀၂၆) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၂/၂၀၂၆) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညောင်ဦးခရိုင်၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၇ ရက်၊နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မတ်လ ၂ ရက်နေ့တွင် ကျရောက်မည့် တောင်သူတောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အွန်လိုင်းဧည့်စာရင်းစနစ် (GLIS) ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုံခြုံစိတ်ချရသော ဝန်ဆောင်မှုများပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် “ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အွန်လိုင်းဧည့်စာရင်းစနစ် (GLIS) ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ” ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆွေးနွေးဟောပြောပေးမည့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်၊ တည်းခိုရိပ်သာနှင့် ခရီးလှည့်လည်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မိတ္ထီလာမြို့နယ် ရှင်မြို့ကျေးရွာ၌ အောင်ရတနာသံကူကွန်ကရစ်တံတားသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဂဠုန်ကုန်းကျေးရွာအုပ်စု ရှင်မြို့ကျေးရွာ၌ အောင်ရတနာ သံကူကွန်ကရစ်တံတားသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to