ကရင်ပြည်နယ် နည်းပညာတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ နည်းပညာတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရုံးဌာနများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အနေဖြင့် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက ထားဝယ်မြို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့မဈေးကြီးရှေ့၌ အခြေခံစားသောက်ကုန်များအား အပတ်စဉ်သောကြာနေ့တိုင်း သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ပြည်သူများ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိရေးအတွက် ဧပြီ ၁၁ ရက်က စတင်၍ အပတ်စဉ်သောကြာနေ့တိုင်း ပြည်သူ့သက်သာဈေး ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကိုကိုကျော်ထံက သိရသည်။

လေးမျက်နှာမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ်(၂၆) တောင်သူဦးဌေးအောင်၏ လယ်မြေတွင် ယနေ့နံနက်ပိုင်း၌ စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်သော ၂၀၂၅ ခုနှစ် မိုးရာသီကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့သည်။

ကြံခင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များ၊ ဆန်ဆိုင်များနှင့် လက်လီဆီအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မဈေးကြီးအတွင်း ကုန်စုံဆိုင်များ၊ ဆန်ဆိုင်များ၊ ဆေးဆိုင်များနှင့် လက်လီအရောင်းဆီဆိုင်များအား ယနေ့နံနက်ပိုင်းက မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

မိုင်းယောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး လူငယ်စကားဝိုင်း ကျင်းပ

မိုင်းယောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး လူငယ်စကားဝိုင်း ကျင်းပ မိုင်းယောင်း ဇူလိုင် ၄ ရာဇီ(ပြန်/ဆက်)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လက်ရက်ကန်း (၆) လသင်တန်း ဖွင့်ပွဲ၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေး တက်ရောက်

ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (စစ်တွေ)မှ ဖွင့်လှစ်သည့် လက်ရက်ကန်း (၆) လ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

မြောင်းမြမြို့၌ Mobile Library Bus ဖြင့်  စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့်၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများစာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယမန်နေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးဌာန သူနာပြုသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
Subscribe to