ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားကြီး ရွှေသင်္ကန်းကပ်လှူခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း၊ ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားတက်ရောက်

စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း၊ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘုရားကြီးရင်ပြင်တော်၌ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောင်တန်း-တံခွန်တိုင်-မီးသွေးချောင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မီးသွေးချောင်းကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။

မြောင်းမြခရိုင်တွင် စာရေးဆရာ လယ်တွင်းသား​စောချစ်၏ "တစ်ပြည်သူမရွှေထား" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က Book Club အဖွဲ့နှင့်  စာ​ရေးဆရာ လယ်တွင်းသား​စောချစ်ရေးသားသည့် တစ်ပြည်သူမရွှေထား ဝတ္ထစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်၌ ဒေသခံတောင်သူများ နွေနှမ်းသီးနှံ (၂၉၂၀၈)ဧက လျာထားစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေ ထွန်ယက်ပြုပြင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်း (၂၉၂၀၈)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့အထိ (၁၅၂၃၀)ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။‌

ရန်ကင်းမြို့နယ်၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းအခမဲ့ သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ် ၅ ရပ်ကွက်ရှိ ရန်ကင်းဂုဏ် ရည်ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်၌ ယနေ့နံနက် ၁၀ နာရီအချိန်က ရန်ကင်းဂုဏ် ရည်စာကြည့် တိုက်ကြီးကြပ်မှုကော်မတီကကြီးမှူး၍  နွေရာသီအခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းအားဖွင့်လှစ်သည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ​နွေစပါး (၁၇၅၇၀) ဧကစိုက်ပျိုးရန် လျာထား

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ -၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်၊ ဒေသအတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ယခုနှစ်တွင် နွေစပါးစိုက်ဧက (၁၇၅၇၀)ဧက စိုက်ပျိုးသွားရန် လျာထားကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မီးငြိမ်းသတ်ယာဉ်များဖြင့် မီးဘေးသရုပ်ပြခြင်းနှင့် ကြိုတင်ကာကွယ်‌ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဘုရင့်နောင်ဈေး (ကားပစ္စည်းဝန်း)နှင့် မြရတနာစျေးအတွင်း ပြုလုပ်ခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက အချိန်တိုအတွင်း အရေးပေါ်ဆောင်ရွက်ရမည့် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်ဓမ္မာရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to