သထုံမြို့ သမိုင်းဝင်လာဝစေတီတော်မြတ်ကြီးအား ကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲ ကျင်းပ

သထုံ မတ် ၁

မွန်ပြည်နယ်၊ သထုံမြို့၊ မြသပိတ်တောင်တန်းပေါ်ရှိ လာဝစေတီ‌(ခေါ်)ဇိနမာန်အောင် ပြည်လုံးချမ်းသာ မဟာစက္ကဝရဇိန်ဘုရားကြီးအား ယမန်နေ့ နံနက်က သံဃာတော်များဦးဆောင်၍ လိပ်အင်းရပ်ကွက်ရှိ ပဉ္စဂီရိချမ်းမြေ့စည် လောကီလောကုတ္တရာ ပညာသင်ကြားရေး သီလရှင်ကျောင်းမှ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ အလှူရှင်များက ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်းနှင့် ကြာသင်္ကန်းတော်ဆက်ကပ်ပူဇော်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ဦးစွာ သထုံမြို့၊ ရွှေတောင်ကျောင်းတိုက်ဆရာတော် ဘန္ဒန္တသုစရိတ ဦးဆောင်သော သံဃာတော်အရှင်သူမြတ်တို့က စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခဲ့ကြပြီး ပဉ္စဂီရိ ချမ်းမြေ့စည် လောကီလောကုတ္တရာ ပညာသင်ကြားရေး သီလရှင်ကျောင်းမှ သီလရှင်ဆရာကြီး၊ဆရာလေးများနှင့် အလှူရှင်တို့က ကြာသင်္ကန်းတော်အား စီတန်းကိုင်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ် သုံးကြိမ်လှည်လည်ပူဇော်ကြပြီး စေတီ‌တော်မြတ်ကြီးအထက်ဆီသို့ တင်လှူပူဇော်ကြသည်။

ဆက်လက်၍ အလှူရှင်တို့က ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်၊ ဆရာကြီး ဆရာလေးများအား လှူဖွယ်အစုစုတို့ကို စုပေါင်းလောင်းလှူခဲ့ကြပြီး လှူဒါန်းမှူအစုစုတို့အတွက် ရေစက်ချအမျှပေး၀ေခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်